နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) ၌ တပ်ဆင်ထားသည့် ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများက ၁၀ အမ်ဗွီအေ ထရန်စဖော်မာဖြင့် အစားထိုး လဲလှယ်နိုင်ရန် ယန္တရားများ အသုံးပြု၍ စတင်ဆောင်ရွက်နေကြောင်း သိရသည်။ ထရန်စဖော်မာ ရွှေ့ပြောင်း တပ်ဆင်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးလောင်မှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်ထားသည်။


