ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့၊ မြို့မဈေး တောင်ဘက်၊ တပင်ရွှေထီးလမ်းရှိ အထိမ်းအမှတ် နာရီစင်ကို ၇ ထပ် ကားပါကင် အဆောက်အဦ သစ် ဆောက်လုပ်ရန်အတွက် ဇူလိုင် ၂၁ ရက် ညသန်းခေါင်ယံတွင် ဖြိုချ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက မြို့မဈေးနှင့်အတူ ဆောက်လုပ်ခဲ့သည့် အဆိုပါ နာရီစင်နေရာ၌ သီဟကုမ္ပဏီမှ ကားပါကင် ဆောက်လုပ်မည်ဖြစ်၍ ယင်းနေရာရှိ ညဈေးသည်များကို မြို့မဈေး မြောက်ဘက် ကုန်သည်လမ်းသို့ ယာယီ ပြောင်းရွှေ့နေရာချပေးထားကြောင်း သိရသည်။
Jul 22 • 8:44 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


