တရုတ်နိုင်ငံအတွင်း မိုးကြီး၍ မြန်မာနယ်စပ်အနီးရှိ ရေကာတာတစ်ခုကို လွန်ခဲ့သည့် ဇူလိုင် ၈ ရက်မှစ၍ ရေဖွင့်ချခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ကမ်းဘေး အနီးတစ်ဝိုက် စိုက်ပျိုးခင်းများနှင့် မြို့တွင်း ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုဒဏ်ကို ဆက်လက် ခံစားနေကြရကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်နှင့် ကချင်ပြည်နယ်ဘက်မှ ရေများ ဆက်လက် စီးဝင်နေသဖြင့် စပါး၊ ကြံနှင့် ပြောင်းစိုက်ခင်းများ မြှုပ်နှံပျက်စီးခဲ့သည့်အပြင် သဲထုတ်လုပ်ငန်း၊ ကမ်းကူးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေးများ ထိခိုက်ရပ်ဆိုင်းနေပြီး မူဆယ်မြို့တွင်မူ မိုးစဲသွားသည့်အတွက် ရေပြန်ကျမည်ကို ဒေသခံများက မျှော်လင့်နေကြကြောင်း သိရသည်။
Jul 22 • 8:41 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 24 | 0 | 0 | 0 |


