ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် မြစ်ရေများ ဆက်လက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ခဲ့သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ကာ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီ အပါအဝင် ဒေသအချို့၌ မိုးရွာသွန်းမှု ရွာသွန်းမြဲအောက် လျော့နည်းနိုင်သော်လည်း နေပြည်တော်၊ မန္တလေးနှင့် ရခိုင် အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်အများစုတွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး မြစ်ရေများ မြင့်တက်လာနိုင်ကြောင်း မိုးဇလ ခန့်မှန်း
Jul 22 • 8:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


