ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေး နှစ်တစ်ရာပြည့်ပွဲတော်ကို အောက်တိုဘာလ ၇ ရက်မှ ၁၁ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းဈေး၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။ ပွဲတော်တွင် ပြည်တွင်းထုတ်ကုန်များ၊ ကျောက်မျက်ရတနာနှင့် စားသောက်ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာ့သနပ်ခါးပြခန်း၊ ရုပ်သေးအစီအစဉ်၊ ၁၉၇၀ ဝန်းကျင် တေးဂီတဖျော်ဖြေမှုများနှင့် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြခန်းများ အပါအဝင် ဖျော်ဖြေရေးအစီအစဉ်များစွာ ထည့်သွင်းကျင်းပမည်ဖြစ်သည်။အဆိုပါပွဲတော်ကို ရှေးဟောင်းမြို့ပြအမွေအနှစ်ဖြစ်သော ဗိုလ်ချုပ်ဈေး၏ သမိုင်းကြောင်းနှင့် ဗိသုကာလက်ရာများကို ထုတ်ဖော်ပြသရန်၊ လူငယ်များ သိရှိလေ့လာနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဈေးကို ၁၉၂၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁,၈၀၀ ကျော်ဖြင့် နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းစားသုံးသူများ အဓိကအားထားရာ ဈေးကြီးတစ်ခုဖြစ်ကာ အခု ၂၀၂၆ ခုနှစ်တွင် နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီဖြစ်သည်။
Jul 22 • 2:21 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 142 | 0 | 0 | 0 |


