ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမျက်နှာပြင် မြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းတွင် ကာမိုင်းမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ရေကြီးနေတဲ့လမ်းပိုင်းမှာ ဆိုင်ကယ်စီးနင်းသူတွေကို လှေနဲ့ တစ်ဖက်ခြမ်း သွားလိုတဲ့ဘက် ပို့ဆောင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကားအသေးတွေလည်း ဖြတ်လို့မရတဲ့ အခြေအနေရှိနေပြီး ဒီကနေ့ အဲ့ဒီလမ်းပိုင်းမှာ ကား ၁၀ စီးဝန်းကျင် ပိတ်မိနေတာလို့ သိရပါတယ်။အဲဒီထဲက တချို့ကားတွေ ရေဝင်ပြီး ပျက်နေတာတွေရှိသလို ထွန်စက်တွေနဲ့ တစ်ဖက်ခြမ်းဘက် ဆွဲပေးနေတယ်လို့ အထက်ပါ ခရီးသွားပြည်သူရဲ့ ပြောပြချက်အရ သိရပါတယ်။ လက်ရှိ ရေကြီးနေတဲ့ နေရာကရေဟာ တစ်ချို့နေရာတွေမှာ ခါးလောက်အထိ ရောက်နေပြီလို့လည်း ပြောပါတယ်။ ယင်းသို့ ရေမြင့်တက်လာမှုကြောင့် ကာမိုင်းမြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်ခဲ့ရာ ထိခိုက်ခံရသည့် နေအိမ်များမှ ပြည်သူများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ဘေးလွတ်ရာဖြစ်သော မြို့မဘုန်းတော်ကြီးကျောင်းနှင့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား
Jul 22 • 2:14 AM
မြန်မာ
ကချင်
မျှဝေမည်
| 20 | 0 | 0 | 0 |


