back

2026 Heyball Master Tour ပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် ဘုန်းမြင့်ကျော် (ခ) အားတီ ဒုတိယဆု ဆွတ်ခူးရရှိ

Jul 22 • 2:13 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

2026 Heyball Master Tour ပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် ဘုန်းမြင့်ကျော် (ခ) အားတီ ဒုတိယဆု ဆွတ်ခူးရရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန့်ကျိုးမြို့၌ ဇူလိုင်လ ၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် 2026 Heyball Master Tour ပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာ အ...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန့်ကျိုးမြို့၌ ဇူလိုင်လ ၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် 2026 Heyball Master Tour ပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာ အားကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီက ဒုတိယဆု ရရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်သည် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ၌ ပြိုင်ဘက်ကို ရမှတ်အနည်းငယ်ဖြင့် ကပ်ရှုံးကာ ဒုတိယဆု ရရှိခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများနှင့် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ဘုန်းမြင့်ကျော် (ခ) အားတီသည် ဇူလိုင်လ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

news-view-count-icon

27