ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည့် စပိန်အသင်းသည် စံချိန်တင် ဆုကြေးငွေအဖြစ် ဒေါ်လာ သန်း ၅၀ ရရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ယခုပြိုင်ပွဲအတွက် ပြိုင်ပွဲစွမ်းဆောင်ရည်အလိုက် ဆုကြေး ဒေါ်လာ ၆၅၅ သန်းနှင့် ပြိုင်ပွဲပြင်ဆင်စရိတ် ၁.၅ သန်းစီ အပါအဝင် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၇၂၇ သန်းအထိ စံချိန်တင် ခွဲဝေချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ယခုပြိုင်ပွဲတွင် ဒုတိယရရှိသည့် အာဂျင်တီးနားအသင်းက ဒေါ်လာ ၃၃ သန်း၊ တတိယရရှိသည့် အင်္ဂလန်အသင်းက ဒေါ်လာ ၂၉ သန်းနှင့် စတုတ္ထရရှိသည့် ပြင်သစ်အသင်းက ဒေါ်လာ ၂၇ သန်း အသီးသီး ရရှိခဲ့ကြသည်။ ယခုနှစ်တွင် ချီးမြှင့်သည့် ဆုကြေးပမာဏသည် ၂၀၂၂ ကာတာကမ္ဘာ့ဖလားထက် ၅၀ ရာခိုင်နှုန်းနီးပါး တိုးမြှင့်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ချန်ပီယံဆုကြေး၏ လက်ရှိတန်ဖိုး (ဒေါ်လာ ၅၀.၅ သန်း) အောက် အနည်းငယ် လျော့နည်းနေသေးသည်ကို တွေ့ရှိရသည်။
Jul 22 • 2:12 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


