MLWC-11 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမည့် သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ အလဲထိုးစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ စုစုပေါင်း တွဲဆိုင်း ၆ ဆိုင်း ပါဝင်မည်ဖြစ်သည်။ အဓိက ခေါင်ပွဲစဉ်အဖြစ် ရာမာဉ်နှင့် ထွန်းမင်းအောင်တို့က ၇၅ ကီလိုတန်း (၅ ချီ)၊ ဒု-ခေါင်ပွဲစဉ်အဖြစ် နိုင်ဝင်းထွန်းနှင့် ကမ္ဘာရှားတို့က ၆၇ ကီလိုတန်း (၅ ချီ)၊ စတုတ္ထတွဲဆိုင်းအဖြစ် အဲမွီနှင့် သန့်ဇင်တို့က ၆၀ ကီလိုတန်း (၅ ချီ)၊ တတိယတွဲဆိုင်းအဖြစ် ဆလိုင်းထန်ခွီးရှိန်နှင့် ဟိန်းထွန်းအောင်တို့က ၅၆ ကီလိုတန်း (၅ ချီ)၊ ဒုတိယတွဲဆိုင်းအဖြစ် အောင်ကိုလတ်နှင့် စောထိန်လင်းတို့က ၆၅ ကီလိုတန်း (၄ ချီ)၊ ပထမတွဲဆိုင်းအဖြစ် ဒေါင်းမိုက်သွေးနှင့် စောရူဘီတို့က ၅၃ ကီလိုတန်း (၄ ချီ) အသီးသီး ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။ယခုပြိုင်ပွဲတွင် ပါဝင်သည့် နာမည်ကြီး ရိုးရာလက်ဝှေ့သမားများဖြစ်သော ဆလိုင်းထန်ခွီးရှိန်၊ အဲမွီ၊ သန့်ဇင်၊ ထွန်းမင်းအောင်နှင့် ရာမာဉ်တို့သည် ONE Championship မွေထိုင်းပွဲများနှင့် ကမ္ဘောဒီးယား ခွန်ခမာပွဲများအထိ ပြည်ပသို့ သွားရောက်ထိုးသတ်နေကြသူများ ဖြစ်သည်။ MLWC-11 ပြိုင်ပွဲသည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ကျင်းပခဲ့သည့် MLWC-10 ပြိုင်ပွဲအပြီး တစ်နှစ်အကြာမှ ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ ကျင်းပမည့် MLWC-11 ပြိုင်ပွဲတွင် အဲမွီနှင့် သန့်ဇင်၊ ထွန်းမင်းအောင်နှင့် ရာမာဉ်တို့ အဓိက ယှဉ်ပြိုင်ထိုးသတ်မည်
Jul 22 • 1:54 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 27 | 0 | 0 | 0 |


