ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင်အမှတ် (၁၈၀/၅) ဖာလုံ၌ ဇူလိုင် ၂၁ ရက် ည ၉ နာရီ ၁၀ မိနစ်အချိန်က ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဆီဘောက်ဆာယာဉ်သည် မျက်နှာချင်းဆိုင်မှ လာသော ယာဉ်အား ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျခဲ့ခြင်း ဖြစ်သည်။ဖြစ်စဉ်ဖြစ်ပွားရာသို့ ရေတာရှည်မြို့နယ်နှင့် နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ကာ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ အမျိုးသားနှစ်ဦးအနက် စိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည့် ယာဉ်မောင်းဖြစ်သူကို ဆွာလူမှုကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် ဆွာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jul 22 • 1:55 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 22 | 0 | 0 | 0 |


