ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့အနီး Elephant Nature Park မှ မြန်မာဆင်ထိန်း ကိုထွန်းအီးကို ရိုက်နှက်နှိပ်စက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ငါးဦးအား အာဏာအလွဲသုံးစားလုပ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဇူလိုင်လ ၁၄ ရက် ညပိုင်းက မယ့်တန်းဒေသတွင် မိသားစုထံမှပြန်လာသည့် ကိုထွန်းအီးကို စစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် နံနက်ပိုင်းတွင် စစ်ဆေးရေးဂိတ်နှင့် ၃၀ ကီလိုမီတာခန့်အကွာ၌ ဦးခေါင်းခွံကွဲ၊ သွေးထွက်လွန်ပြီး သတိလစ်နေသည့် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ရိုက်နှက်ခံရမှုကြောင့် ကိုထွန်းအီးမှာ သတိမရသေးဘဲ ICU ၌ ဆေးကုသမှု ခံယူနေရသဖြင့် ဇူလိုင်လ ၂၀ ရက်တွင် ၎င်း၏ဇနီးနှင့် ပြည်သူများက ချင်းမိုင်ရဲစခန်းရှေ့၌ တရားမျှတမှုအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင် ငါးဦးကမူ ရိုက်နှက်ခြင်းမရှိဘဲ ကားပေါ်မှ ပြုတ်ကျခြင်းဖြစ်ကြောင်း ငြင်းဆိုထားသော်လည်း မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က အာဏာအလွဲသုံးစားလုပ်မှုဖြင့် အမှုဖွင့်ထားပြီး ထပ်တိုးအမှုဖွင့်နိုင်ရန် သက်သေများ စုဆောင်းလျက်ရှိသည်။
Jul 22 • 1:53 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


