back

ထိုင်းနိုင်ငံ၊ နာရာသီဝပ်ခရိုင်ရှိ ရဲစခန်းတစ်ခု၌ ကားဗုံးဖြင့် တိုက်ခိုက်ခံရ

Jul 22 • 1:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ နာရာသီဝပ်ခရိုင်ရှိ ရဲစခန်းတစ်ခု၌ ကားဗုံးဖြင့် တိုက်ခိုက်ခံရ

ထိုင်းနိုင်ငံ၊ နာရာသီဝပ်ခရိုင်ရှိ တန်ယုံရဲစခန်းဟောင်း အပြင်ဘက်၌ ဇူလိုင်လ ၂၁ ရက် ညပိုင်းတွင် သံသယရှိသူများ ကားဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ သံသယရှိသူ...

ထိုင်းနိုင်ငံ၊ နာရာသီဝပ်ခရိုင်ရှိ တန်ယုံရဲစခန်းဟောင်း အပြင်ဘက်၌ ဇူလိုင်လ ၂၁ ရက် ညပိုင်းတွင် သံသယရှိသူများ ကားဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ သံသယရှိသူသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် Toyota Soluna အမျိုးအစား ကားကို ရဲစခန်းအတွင်းသို့ တွန်းပို့ကာ အသင့်စောင့်နေသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပြင်းထန်သော မီးလောင်ကျွမ်းမှုဖြစ်ပွားကာ ကား၊ အုတ်တံတိုင်းနှင့် အဆောက်အအုံ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ရသည်။အဆိုပါ ဖြစ်စဉ်တွင် ကံကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ မရှိခဲ့ပေ။ တာဝန်ရှိသူများက မီးငြှိမ်းသတ်မှုနှင့် ပဏာမ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ အသေးစိတ် ထပ်မံစစ်ဆေးရန် အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ထားသည်။ အဆိုပါ တိုက်ခိုက်မှုကို နယ်မြေအတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်စေရန် လက်နက်ကိုင်အဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက သုံးသပ်ထားသည်။

news-view-count-icon

26