မော်တော်ယာဉ်ဈေးကွက်အတွင်း၌ နှစ် ၂၀ အောက်သက်တမ်းရှိ အင်ဂျင်ပါဝါကြီး မော်ဒယ်နိမ့် မော်တော်ယာဉ်များကို လိုက်လံဝယ်ယူမှုများ ရှိနေကြောင်း ဇူလိုင်လ ၂၁ ရက်နေ့တွင် မော်တော်ယာဉ် ရောင်းဝယ်သူများထံမှ သိရသည်။ ယင်းသို့ ဝယ်ယူမှုများ ဖြစ်ပေါ်လာခြင်းမှာ သက်တမ်း ၂၀ နှစ်ရှိ သို့မဟုတ် မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအစား EV ယာဉ်များကို တစ်ဦးချင်း တင်သွင်းခွင့် ပေးမည်ဆိုသည့် သတင်းများကြောင့် ဖြစ်သည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်တမ်း ၂၀ နှစ်ကျော်လွန်သည့် ယာဉ်များ၊ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်မရနိုင်သည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ်မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအစား EV ယာဉ်များဖြင့် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဟု ပြီးခဲ့သည့် မေလကုန်ပိုင်းက ထုတ်ပြန်ခဲ့ဖူးသည်။ ထို့ပြင် ဇူလိုင် ၂၁ ရက်တွင်လည်း စီးပွား/ကူးသန်းမှ မော်တော်ယာဉ်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သဖြင့် ဈေးကွက်အတွင်း မော်တော်ယာဉ်ပိုင်ရှင်အချို့က အခြေအနေကို စောင့်ကြည့်လျက်ရှိနေကြသည်။
မော်တော်ယာဉ်ဈေးကွက်အတွင်း နှစ် ၂၀ အောက်သက်တမ်းရှိ အင်ဂျင်ပါဝါကြီး မော်တော်ယာဉ်အချို့ကို လိုက်လံဝယ်ယူမှုများ ရှိနေ
Jul 22 • 1:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


