back

တရုတ်နိုင်ငံက တောင်ဆူဒန်နိုင်ငံအတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာ တန်ချိန် ၃,၀၀၀ ကျော် လှူဒါန်း

Jul 22 • 1:49 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံက တောင်ဆူဒန်နိုင်ငံအတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာ တန်ချိန် ၃,၀၀၀ ကျော် လှူဒါန်း

တောင်ဆူဒန်နိုင်ငံတွင် မိုးခေါင်ရေရှားမှု၊ ရေကြီးမှုနှင့် ပဋိပက္ခများကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများအတွက် တရုတ်နိုင်ငံက ဂျုံနှင့် ဆန် တန်ချိန် ၃,၀၀၀ ကျ...

တောင်ဆူဒန်နိုင်ငံတွင် မိုးခေါင်ရေရှားမှု၊ ရေကြီးမှုနှင့် ပဋိပက္ခများကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများအတွက် တရုတ်နိုင်ငံက ဂျုံနှင့် ဆန် တန်ချိန် ၃,၀၀၀ ကျော်ကို ဇူလိုင် ၂၀ ရက်၌ လှူဒါန်းခဲ့ကြောင်း သိရသည်။ နှစ်စဉ် လူတစ်သန်းကျော် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နေသည့်အပြင် အိမ်နီးချင်း ဆူဒန်နိုင်ငံ ပဋိပက္ခကြောင့် ဒုက္ခသည် ၁.၄ သန်းကျော် ထပ်မံရောက်ရှိလာသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြုံနေရချိန်တွင် ယခုကဲ့သို့ အကူအညီ ရရှိခဲ့ခြင်း ဖြစ်သည်။အဆိုပါ စားနပ်ရိက္ခာအကူအညီသည် စတုတ္ထအသုတ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူများ၊ ဒုက္ခသည်များနှင့် မသန်စွမ်းသူများအပါအဝင် ရပ်တည်ရန် ခက်ခဲသော အိမ်ထောင်စုများ၏ စားနပ်ရိက္ခာ ဖူလုံရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း တောင်ဆူဒန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ပြင် ယခုလှူဒါန်းမှုသည် ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ မိတ်ဖက်လုပ်ဆောင်မှုများကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ခိုင်မာသော မိတ်ဖက်ဆက်ဆံရေးကို ထင်ဟပ်စေကြောင်း တောင်ဆူဒန်ဆိုင်ရာ တရုတ်သံအမတ်ကြီး မာချန်က ပြောကြားခဲ့သည်။

news-view-count-icon

16