back

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီး အစားထိုးလဲလှယ်ရေး ဆောင်ရွက်လျက်ရှိ

Jul 22 • 1:45 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီး အစားထိုးလဲလှယ်ရေး ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) ၌ တပ်ဆင်ထားသည့် ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းတွင် လေ...

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) ၌ တပ်ဆင်ထားသည့် ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းတွင် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများက ယန္တရားများ အသုံးပြု၍ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ အသစ်ဖြင့် အစားထိုးလဲလှယ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။အဆိုပါ ထရန်စဖော်မာ လောင်ကျွမ်းမှုကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု လျော့ကျခဲ့သော်လည်း အစိုးရဌာနရုံးများနှင့် အများပြည်သူဆိုင်ရာ နေရာအချို့သို့ ကျန်ရှိသည့် ထရန်စဖော်မာအမှတ် (၂) မှ ဝန်အားမျှ၍ ယာယီ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးထားသည်။ အစားထိုး လဲလှယ်ရေးလုပ်ငန်းများ ပြီးစီးပါက မူလအတိုင်း ပုံမှန် ပြန်လည်ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။

news-view-count-icon

23