back

ရန်ကုန်စီးတီးအသင်း ရာသီကြို ခြေစမ်းပွဲများ ကစားရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ

Jul 21 • 12:36 PM

breaking-news

မြန်မာ

ပြည်ပ

cover

ရန်ကုန်စီးတီးအသင်း ရာသီကြို ခြေစမ်းပွဲများ ကစားရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ

လာမည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသားလိဂ် ပြိုင်ပွဲတွင် တန်းတက် ကစားခွင့် ရရှိထားသည့် ရန်ကုန်စီးတီး အသင်းသည် ရာသီကြို ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန်အတွက် အုပ်ချုပ...

လာမည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသားလိဂ် ပြိုင်ပွဲတွင် တန်းတက် ကစားခွင့် ရရှိထားသည့် ရန်ကုန်စီးတီး အသင်းသည် ရာသီကြို ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန်အတွက် အုပ်ချုပ်၊ နည်းပြနှင့် ကစားသမား စုစုပေါင်း ၃၇ ဦးဖြင့် ဇူလိုင် ၂၀ ရက် ညပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ရန်ကုန်စီးတီး အသင်းသည် ဘရာဇီး နောက်ခံလူ ပက်ဒရို၊ ဂျပန် ကစားသမား ရုဂျီ တို့အပါအဝင် ပြည်တွင်း/ပြည်ပ ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူထားပြီး ထိုင်းနိုင်ငံတွင် တစ်လကြာ စခန်းသွင်း၍ ထိုင်းလိဂ်ကလပ်များနှင့် အရှေ့အာရှ အသင်းများကို ခြေစမ်းသွားမည်ဖြစ်ကာ လက်ရွေးစင်အသင်း၌ ရောက်ရှိနေသည့် ကစားသမား ၄ ဦးမှာမူ အာဆီယံဟွန်ဒိုင်းဖလား ပြိုင်ပွဲပြီးမှ လာရောက် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

24