အသင့်စား မုန့်အမျိုးမျိုးတွင် မြန်မာဘာသာ သို့မဟုတ် အခြားဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ ၇၃ အရ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်၊ ကျပ်သိန်း ၂၀၀ ထက် မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ် အရေးယူသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ ဝယ်ယူစားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဓာတ်မတည့်သည့် ပစ္စည်းများ ပါဝင်မှု ရှိမရှိ ခွဲခြားသိရှိနိုင်ရန် အတွက် ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ ဌာနအနေဖြင့် ကုန်စည် အုပ်စု ရှစ်ခုခွဲ၍ ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများနှင့် ကုန်တိုက်များတွင် စောင့်ကြည့် စစ်ဆေးလျက်ရှိရာ နစ်နာမှုရှိပါက Consumer Call Center (1535) သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
Jul 21 • 12:35 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


