ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း လူသတ်၊ လုယက်၊ ပြန်ပေးဆွဲနှင့် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဇူလိုင် ၂၁ ရက်မှစ၍ နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း အပြင်မထွက်ရ အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ဇူလိုင် ၁၉ ရက်ညက ရမခ စစ်တိုင်းရုံးအနီး နေအိမ်၌ ကုန်စုံဆိုင်ပိုင်ရှင် ညီအစ်မနှစ်ဦး အသတ်ခံရမှု အပါအဝင် နေ့စဉ်အလိုက် ပြစ်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်လာခြင်းဖြစ်ပြီး သတ်မှတ်ချိန်အတွင်း အပြင်ထွက် သွားလာသူများကို ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးထားကြောင်း သိရသည်။
Jul 21 • 12:34 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 37 | 0 | 0 | 0 |


