back

မန္တလေးမြို့၌ မြောင်းဖုံးများ ဆက်တိုက်ခိုးယူခံနေရ၍ တွေ့ရှိပါက စည်ပင်သို့ သတင်းပေးရန် မေတ္တာရပ်ခံနေ

Jul 22 • 1:47 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့၌ မြောင်းဖုံးများ ဆက်တိုက်ခိုးယူခံနေရ၍ တွေ့ရှိပါက စည်ပင်သို့ သတင်းပေးရန် မေတ္တာရပ်ခံနေ

မန္တလေးမြို့အနှံ့အပြားရှိ လမ်းဘေးသံမြောင်းဖုံးများနှင့် ကွန်ကရစ်မြောင်းဖုံးများ ဆက်တိုက် ခိုးယူခံနေရသဖြင့် ခိုးယူမှုများ မပြုလုပ်ကြရန်နှင့် ခိုးယူနေသည်ကို တွေ့ရ...

မန္တလေးမြို့အနှံ့အပြားရှိ လမ်းဘေးသံမြောင်းဖုံးများနှင့် ကွန်ကရစ်မြောင်းဖုံးများ ဆက်တိုက် ခိုးယူခံနေရသဖြင့် ခိုးယူမှုများ မပြုလုပ်ကြရန်နှင့် ခိုးယူနေသည်ကို တွေ့ရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) သို့ သတင်းပေးပို့ကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။ မြောင်းဖုံးများ ခိုးယူခံရမှုကြောင့် လမ်းမများပေါ်တွင် မြောင်းပေါက်များ ပွင့်ကျန်နေပြီး ယာဉ်မတော်တဆမှုများနှင့် လမ်းသွားလမ်းလာ ပြည်သူများအတွက် ဘေးအန္တရာယ် ဖြစ်ပေါ်လျက်ရှိသည်။ယင်းကိစ္စနှင့် ပတ်သက်၍ MCDC ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မြို့တော် သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြရန်နှင့် မြောင်းဖုံးခိုးယူနေသည်ကို တွေ့ရှိပါက စည်ပင်သာယာရေးကော်မတီသို့ သတင်းပေးပို့ကြရန် အသိပေး ထုတ်ပြန်ထားသည်။

news-view-count-icon

26