ဩစတြေးလျနိုင်ငံ၌ နေသာသည့် မွန်းလွဲပိုင်းအချိန်များတွင် ဆိုလာစွမ်းအင် ထုတ်လုပ်မှု လွန်ကဲ၍ လျှပ်စစ်လက်ကားဈေးနှုန်း သုညနှင့် သုညအောက်အထိ ထိုးဆင်းသွားသည့်အတွက် အချို့အိမ်ထောင်စုများကို နေ့စဉ် ၃ နာရီကြာ လျှပ်စစ်မီး အခမဲ့ သုံးစွဲခွင့်ပေးသည့် Solar Sharer အစီအစဉ်သစ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် စတင်လိုက်သည်။ New South Wales၊ South Australia နှင့် ကွင်းစလန်း အရှေ့တောင်ပိုင်းတို့မှ စမတ်မီတာရှိသော အိမ်ထောင်စုများသည် နေ့ခင်းပိုင်းတွင် လျှပ်စစ်ဓာတ်အား ၂၄ ကီလိုဝပ်နာရီ (kWh) အထိ အခမဲ့ အသုံးပြုခွင့် ရရှိကြမည်ဖြစ်ရာ ပိုလျှံနေသည့် သန့်စင်စွမ်းအင်ကို အကျိုးရှိရှိ သုံးစွဲနိုင်ရန်နှင့် ပြည်သူများ လျှပ်စစ်မီတာခ သက်သာစေရန် တွန်းအားပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Jul 21 • 12:27 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 36 | 0 | 0 | 0 |


