နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ လာမည့် ဩဂုတ်လအတွင်း အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညို ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၌ အားအသင့်အတင့်ရှိသော အယ်လ်နီညို အခြေအနေ တည်ရှိနေပြီး အဆိုပါ ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုနှင့် မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း၊ နွေကာလ နေ့အပူချိန် မြင့်မားခြင်းနှင့် မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ အခြေအနေများ ကြုံတွေ့ရနိုင်သဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ကြရန် အသိပေးထားသည်။
Jul 21 • 12:28 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


