ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ကုန်ပစ္စည်း တင်ပို့ခြင်းနှင့် တင်သွင်းခြင်းတို့တွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ဇူလိုင် ၆ ရက်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ပိတ်ပင်တားမြစ် ကုန်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်း မပြုရန်၊ ကန့်သတ်ကုန်ပစ္စည်းများကို တည်ဆဲဥပဒေ၊ လိုင်စင်၊ ပါမစ်နှင့် ထုတ်ကုန်/သွင်းကုန် ကြေညာလွှာပါ ဖော်ပြချက်များနှင့်အညီ သာ တင်ပို့/တင်သွင်းရန်၊ သွင်းကုန်များတွင် အမှတ်တံဆိပ်နှင့် ပင်ရင်းနိုင်ငံ ပါရှိရန်၊ ယာဉ်/ယန္တရားများ သတ်မှတ်ခုနှစ်အတွင်း အကျုံးဝင်ရန်နှင့် လိုင်စင်သက်တမ်း လွန်ကဲခြင်းများ မရှိစေရန် ဖော်ပြထားပြီး ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ အကောက်ခွန် အက်ဥပဒေများနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
Jul 21 • 12:26 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


