back

ထိုင်းနိုင်ငံ၊ဘန်ကောက် ဘားမီးလောင်မှုတွင် သေဆုံးသူများအတွက် ထိုင်းအစိုးရက တစ်ဦးလျှင် ဘတ် ၃ သိန်းစီ နစ်နာကြေးပေးအပ်

Jul 21 • 12:25 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက် ဘားမီးလောင်မှုတွင် သေဆုံးသူများအတွက် ထိုင်းအစိုးရက တစ်ဦးလျှင် ဘတ် ၃ သိန်းစီ နစ်နာကြေးပေးအပ်

ဘန်ကောက်မြို့ Lat Phrao ရှိ ဘားတစ်ခု မီးလောင်မှုကြောင့် သေဆုံးခဲ့ရသူ ၃၁ ဦး၏ မိသားစုဝင်များအား ထိုင်းအစိုးရက လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် ကနဦး နစ်နာကြေး...

ဘန်ကောက်မြို့ Lat Phrao ရှိ ဘားတစ်ခု မီးလောင်မှုကြောင့် သေဆုံးခဲ့ရသူ ၃၁ ဦး၏ မိသားစုဝင်များအား ထိုင်းအစိုးရက လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် ကနဦး နစ်နာကြေးအဖြစ် တစ်ဦးလျှင် ဘတ် ၃ သိန်းစီ (စုစုပေါင်း ဘတ် ၉ ဒသမ ၃ သန်း) ကို ဇူလိုင် ၂၀ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ဘဏ္ဍာမှ ပေးအပ်ခြင်းအပေါ် ဝေဖန်မှုများ ရှိသော်လည်း နာရေးစရိတ်နှင့် အခက်အခဲကြုံနေရသည့် မိသားစုဝင်များအတွက် လူ့အခွင့်အရေးအရ မဖြစ်မနေ ကူညီပေးရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားထားပြီး နောင်တွင် ယခုကဲ့သို့ ကူညီပံ့ပိုးမှုများ ပိုမိုထိရောက်စေရန် တရားမျှတမှုစနစ်အတွင်း ရန်ပုံငွေအဖွဲ့တစ်ခု တည်ထောင်ရန်ပါ စဉ်းစားလျက်ရှိကြောင်း သိရသည်။

news-view-count-icon

17