back

ထိုင်းလေဆိပ်များတွင် ခရီးသည်မရှိဘဲ အိတ်စစ်ဆေးခွင့်ပြုမည့် စည်းမျဉ်းသစ် ထုတ်ပြန်

Jul 21 • 12:24 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းလေဆိပ်များတွင် ခရီးသည်မရှိဘဲ အိတ်စစ်ဆေးခွင့်ပြုမည့် စည်းမျဉ်းသစ် ထုတ်ပြန်

ထိုင်းနိုင်ငံ လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (CAAT) က လေဆိပ်လုံခြုံရေး ပိုမိုတိုးမြှင့်ရန်အတွက် X-ray စစ်ဆေးရာတွင် သံသယဖြစ်ဖွယ် အန္တရာယ်ရှိ ပစ္စည်းများ ပါ...

ထိုင်းနိုင်ငံ လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (CAAT) က လေဆိပ်လုံခြုံရေး ပိုမိုတိုးမြှင့်ရန်အတွက် X-ray စစ်ဆေးရာတွင် သံသယဖြစ်ဖွယ် အန္တရာယ်ရှိ ပစ္စည်းများ ပါဝင်ပါက ခရီးသည် မရှိဘဲ အပ်နှံထားသည့် အိတ်များကို ဝန်ထမ်းများက ဖွင့်လှစ်စစ်ဆေးခွင့်ပြုမည့် စည်းမျဉ်းသစ်အား အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ သက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါ စစ်ဆေးမှုကို ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ထားမည်ဖြစ်ပြီး စစ်ဆေးပြီးပါက အိတ်အတွင်း အကြောင်းကြားစာ ထည့်သွင်းပေးမည်ဖြစ်ကာ တားမြစ်ပစ္စည်းများ တွေ့ရှိပါက သိမ်းဆည်း၍ ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။ ထို့ပြင် Power Bank များကို လက်ဆွဲအိတ်အတွင်း၌သာ သယ်ဆောင်ခွင့်ပြုပြီး အပ်နှံအိတ်များအတွင်း ထည့်သွင်းခြင်းနှင့် လေယာဉ်ပေါ်တွင် အားသွင်းခြင်းတို့ကို တားမြစ်ထားသဖြင့် ခရီးသည်များအနေဖြင့် ကြိုတင်စစ်ဆေးပြင်ဆင်ကြရန် တိုက်တွန်းထားသည်။

news-view-count-icon

16