back

ကချင်ပြည်နယ်၊ မြစ်ကြီးနား - မိုးညှင်း မီးရထားခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲ

Jul 21 • 12:23 PM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ မြစ်ကြီးနား - မိုးညှင်း မီးရထားခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲ

ကချင်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူချောမွေ့စေရန်အတွက် မြစ်ကြီးနား - မိုးကောင်း - မိုးညှင်း မီးရထားလမ်းပိုင်းတွင် အမှတ် (၄၉) အဆန်နှင့် အမှတ် (...

ကချင်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူချောမွေ့စေရန်အတွက် မြစ်ကြီးနား - မိုးကောင်း - မိုးညှင်း မီးရထားလမ်းပိုင်းတွင် အမှတ် (၄၉) အဆန်နှင့် အမှတ် (၅၀) အစုန် ရထားခရီးစဉ်များကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါ ရထားခရီးစဉ် စတင်သည့် အခမ်းအနားကို မြစ်ကြီးနားဘူတာကြီး၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မြစ်ကြီးနား - မိုးညှင်း အမှတ် (၅၀) အစုန်ရထား စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

news-view-count-icon

20