မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ ရေတွင်းတစ်ခုအတွင်းသို့ ဇူလိုင် ၂၁ ရက် (ယနေ့) မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်က လူတစ်ဦး ပြုတ်ကျနေကြောင်း သတင်းရရှိသဖြင့် သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်တွင် ပြုတ်ကျသူ အမျိုးသားတစ်ဦးအား သေဆုံးလျက် ကယ်ထုတ်နိုင်ခဲ့ပြီး စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း ယာဉ်ဖြင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jul 21 • 10:22 AM
မြန်မာ
မွန်
မျှဝေမည်
| 24 | 0 | 0 | 0 |


