ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၊ တော်ဝင်မင်္ဂလာခန်းမ၌ လာမည့် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ တော်ဝင်ဓမ္မသဘင် တရားပွဲကြီးကို ကျင်းပသွားမည်ဖြစ်ရာ ဇူလိုင် ၂၇ ရက် (ညနေ ၆ နာရီ) တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ဇူလိုင် ၂၈ ရက် (ည ၇ နာရီ) တွင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ နှင့် ဇူလိုင် ၂၉ ရက် (ည ၇ နာရီ) တွင် ဓမ္မဒူတဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒတို့က တရားဒေသနာတော်များ အသီးသီး ဟောကြားသွားမည်ဖြစ်၍ တရားချစ်ခင် သူတော်စင်အပေါင်း ကြွရောက် နာယူနိုင်ကြောင်း သိရသည်။
Jul 21 • 10:21 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 33 | 0 | 0 | 0 |


