back

မန္တလေး မိုးကောင်းတိုက် ဇယဝတီကျောင်းဆရာတော်ကြီး သက်တော် (၉၀) တွင် ပျံလွန်တော်မူ

Jul 21 • 10:14 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး မိုးကောင်းတိုက် ဇယဝတီကျောင်းဆရာတော်ကြီး သက်တော် (၉၀) တွင် ပျံလွန်တော်မူ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းတိုက်၊ ဇယဝတီကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ မဟာထေရ်မြတ်ကြီးသည် ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီခွဲတွင် ပျံလွန်တော...

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းတိုက်၊ ဇယဝတီကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ မဟာထေရ်မြတ်ကြီးသည် ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီခွဲတွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။ဆရာတော်ကြီးသည် သက်တော် (၉၀) နှစ်၊ သိက္ခာတော် (၇၀) ဝါရှိပြီဖြစ်ပြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များအပါအဝင် သ.အ.စ ဓမ္မာစရိယ၊ ဝဋံသကာ နှင့် ပါဠိပါရဂူ ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူထားသည့် သာသနာ့အာဇာနည် မဟာထေရ်တစ်ပါး ဖြစ်သည်။ ဆရာတော်ကြီး၏ အန္တိမဈာပန / စရဏပူဇာ အခမ်းအနား ကျင်းပမည့် အစီအစဉ်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

22