ဂျပန်နိုင်ငံ၊ အနောက်ပိုင်းရှိ လူဦးရေ ၆၉,၀၀၀ ခန့် နေထိုင်သော ယာဝါတာမြို့ (Yawata) ၏ မြို့တော်ဝန် ကာဝါတာ (Shoko Kawata) သည် ဇူလိုင် ၂၀ ရက်နေ့တွင် မီးဖွားခွင့် စတင်ယူခဲ့သဖြင့် ဂျပန်နိုင်ငံ သမိုင်းတွင် ပထမဆုံး မီးဖွားခွင့်ယူသည့် တာဝန်ထမ်းဆောင်ဆဲ မြို့တော်ဝန် ဖြစ်လာခဲ့သည်။ ကာဝါတာသည် ၂၀၂၃ ခုနှစ်၊ အသက် ၃၃ နှစ်အရွယ်တွင် ဂျပန်၏ အသက်အငယ်ဆုံး မြို့တော်ဝန် ဖြစ်လာခဲ့သူဖြစ်သည်။ ယာဝါတာမြို့တော် ဝန်ထမ်းများအတွက် ရက်သတ္တ ၁၆ ပတ် မီးဖွားခွင့် ရရှိသော်လည်း မြို့တော်ဝန်ကဲ့သို့ ရွေးကောက်ခံ အရာရှိများအတွက် လုပ်ထုံးလုပ်နည်း သီးသန့်မရှိသဖြင့် ၎င်းကိုယ်တိုင် လုပ်ထုံးလုပ်နည်းသစ် တီထွင်ကာ ခွင့်ယူခဲ့ရခြင်းဖြစ်သည်။ ယခု ဆုံးဖြတ်ချက်သည် ပြည်တွင်း၌ ဝေဖန်မှုအချို့ ရှိခဲ့သော်လည်း နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့ကြောင်း သိရသည်။
Jul 21 • 10:13 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


