ဇူလိုင် ၁၉ ရက်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ညောင်ပင်ကြီး-ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကြောင့် ပခုက္ကူတစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ပေးပို့နိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်းများက အရှိန်အဟုန်မြှင့် ပြုပြင်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ ဒေသအာဏာပိုင်များ၏ လုံခြုံရေး အကူအညီတို့ဖြင့် အုန်းတောမဟာဓာတ်အားလိုင်း ရုံးအဖွဲ့နှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းကာ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ပခုက္ကူ) မှ သိရသည်။
ဖျက်ဆီးခံလိုက်ရသည့် ညောင်ပင်ကြီး-ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်ကို အမြန်ဆုံး ပြန်လည်ပြုပြင်နေ
Jul 21 • 10:18 AM
မြန်မာ
မကွေး
မျှဝေမည်
| 20 | 0 | 0 | 0 |


