back

သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ဆွေးနွေး

Jul 21 • 9:50 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချု...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်သည့် UNOCHA ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်ရေးအတွက် အသိပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

32