back

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုသိမ်-ရန်ကုန် လမ်းပိုင်း ပျက်စီးမှုများဖြစ်ပေါ်၊ အချိန်နှင့်တစ်ပြေးညီ ပြုပြင်နေ၍ ယာဉ်မောင်းများ သတိပြုမောင်းနှင်ရန် နှိုးဆော်

Jul 21 • 9:59 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုသိမ်-ရန်ကုန် လမ်းပိုင်း ပျက်စီးမှုများဖြစ်ပေါ်၊ အချိန်နှင့်တစ်ပြေးညီ ပြုပြင်နေ၍ ယာဉ်မောင်းများ သတိပြုမောင်းနှင်ရန် နှိုးဆော်

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပုသိမ်-ရန်ကုန် လမ်းမကြီး၏ အချို့နေရာများတွင် လမ်းပိုင်း ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ သက်ဆိ...

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပုသိမ်-ရန်ကုန် လမ်းမကြီး၏ အချို့နေရာများတွင် လမ်းပိုင်း ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် "ချက်ချင်းပျက်၊ ချက်ချင်းပြင်" စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ လမ်းပြုပြင်ရေး လုပ်ငန်းခွင်များ တည်ရှိရာ နေရာများတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် ယာဉ်အရှိန်လျှော့၍ ဂရုတစိုက် မောင်းနှင်ကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

news-view-count-icon

16