back

ရန်ကုန်မြို့နယ်အချို့၌ စားသုံးသူများအတွက် ကြက်ဥတစ်လုံး ၅၅၀ ကျပ်နှုန်းဖြင့် အထူးရောင်းချပေးလျက်ရှိ

Jul 21 • 9:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့နယ်အချို့၌ စားသုံးသူများအတွက် ကြက်ဥတစ်လုံး ၅၅၀ ကျပ်နှုန်းဖြင့် အထူးရောင်းချပေးလျက်ရှိ

ပြည်သူများ၏ စားသောက်ရေး ကုန်ကျစရိတ် သက်သာစေရန်နှင့် စားသောက်ကုန် ဈေးနှုန်းများ တည်ရှိစေရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ဘဲ...

ပြည်သူများ၏ စားသောက်ရေး ကုန်ကျစရိတ် သက်သာစေရန်နှင့် စားသောက်ကုန် ဈေးနှုန်းများ တည်ရှိစေရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ဘဲမွေးမြူထုတ်လုပ် ရောင်းချသူများအသင်းနှင့် ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများ အစုအဖွဲ့တို့ ပူးပေါင်း၍ ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ဇူလိုင် ၂၀ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဈေးများတွင် အလှည့်ကျစနစ်ဖြင့် အထူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။ လာမည့် ဇူလိုင် ၂၂ ရက်နေ့တွင်လည်း ရွှေပြည်သာ၊ တောင်ဥက္ကလာပ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ တာမွေ၊ ဗိုလ်တထောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ သတ်မှတ်ဈေးများတွင် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည်။

news-view-count-icon

17