မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာအနီးရှိ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း၏ တိုင်အမှတ် (၃၃၈) ကို ဇူလိုင် ၁၉ ရက် ည ၇ နာရီခွဲခန့်တွင် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များတွင် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည့်အပြင် တိုင်းအတွင်းရှိ အခြားမြို့ရွာများတွင်ပါ ဗို့အားကျဆင်းခြင်းနှင့် ဓာတ်အားပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် ပျက်စီးသွားသော တာဝါတိုင်အား အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် လုံခြုံရေးအဖွဲ့များနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မဟာဓာတ်အားလိုင်းတိုင် မိုင်းခွဲခံရသဖြင့် မြို့နယ်အချို့ လျှပ်စစ်မီးများ ပြတ်တောက်
Jul 21 • 9:47 AM
မြန်မာ
မကွေး
မျှဝေမည်
| 10 | 0 | 0 | 0 |


