back

မန္တလေးမြို့တွင် ပြုလုပ်သည့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင် ဓာတ်အားသုံးစွဲမှုများ တားဆီးစစ်ဆေးရေး ပါဝင်ဆွေးနွေး

Jul 21 • 9:45 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့တွင် ပြုလုပ်သည့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင် ဓာတ်အားသုံးစွဲမှုများ တားဆီးစစ်ဆေးရေး ပါဝင်ဆွေးနွေး

မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများ ပါဝင...

မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများ ပါဝင်သော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများ တားဆီးစစ်ဆေးရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းစဉ်များ၊ ဝန်ထမ်းရေးရာ ကိစ္စများ၊ ရပ်/ပျက်/နှေး မီတာများနှင့် မီတာအသစ်၊ ထရန်စဖော်မာ လျှောက်ထားမှုများ၊ ဓာတ်အားခ ကြွေးကျန်များ စနစ်တကျ ကောက်ခံရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု (Losses) နည်းပါးစေရေး ကိစ္စရပ်များကို အဓိကထား ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

19