မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် မီတာခသွင်းရမည့်ရက် ကျော်လွန်မှ မီတာစာရွက်များ လာရောက်ပေးပို့မှုကြောင့် ဒေသခံများ မီတာခသွားရောက်ပေးဆောင်ရာတွင် ဒဏ်ကြေးများ မတရားပေးဆောင်နေရကြောင်း မြို့ခံများထံမှ သိရသည်။ မီတာခနောက်ဆုံးသွင်းရမည့်ရက်မှာ ၁၅ ရက်နေ့ဟု သတ်မှတ်ထားသော်လည်း မီတာစာရွက်မှာ ၂၁ ရက်နေ့မှ လာရောက်ပေးပို့ခြင်းမျိုး ကြုံတွေ့နေရပြီး၊ မီတာရုံးတွင် အကျိုးအကြောင်းရှင်းပြသော်လည်း လက်မခံဘဲ ဒဏ်ကြေးဆောင်ခိုင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မီတာစာရွက်များ အချိန်မီရောက်ရှိစေရန် စနစ်တကျ ပြန်လည်ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားကြသည်။
မွန်ပြည်နယ်၊မော်လမြိုင်မြို့၌ မီတာစာရွက်များကို သတ်မှတ်ရက်ထက် နောက်ကျမှလာပေးပြီး ဒေသခံများကို ဒဏ်ကြေးဆောင်ခိုင်းနေ
Jul 21 • 3:49 AM
မြန်မာ
မွန်
မျှဝေမည်
| 19 | 0 | 0 | 0 |


