မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပုသိမ်-ရန်ကုန် လမ်းမကြီးပေါ်ရှိ အချို့နေရာများတွင် လမ်းပိုင်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ လမ်းအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများက "ချက်ချင်းပျက်၊ ချက်ချင်းပြင်" စနစ်ဖြင့် အချိန်နှင့်တပြေးညီ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။ သို့ဖြစ်ပါ၍ လမ်းပြုပြင်ရေး လုပ်ငန်းခွင်နေရာများတွင် မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် ယာဉ်အရှိန်လျှော့၍ ဂရုတစိုက် မောင်းနှင်ပေးကြပါရန် တိုင်းဒေသကြီးအစိုးရမှ အသိပေး နှိုးဆော်ထားသည်။
Jul 21 • 3:50 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 19 | 0 | 0 | 0 |


