မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၁၁၀ (၆၂ လမ်းနှင့် ၆၄ လမ်းကြား) ရှိ မီလျံနာရွှေဆိုင်တွင် ဇူလိုင်လ ၂၀ ရက် ညနေ ၃ နာရီကျော်က သေနတ်ပြ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။အမျိုးသား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်၍ ရွှေတစ်ပိဿာခန့်ကို ယူဆောင်ကာ မနော်ဟရီလမ်းအတိုင်း ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ဓားပြတိုက်ခံရမှုအတွင်း ဆိုင်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာ၌ စစ်ဆေးမှုများပြုလုပ်ကာ ထွက်ပြေးသွားသည့် တရားခံများကို ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေကြောင်း သိရသည်။
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ ရွှေဆိုင်တစ်ဆိုင် သေနတ်ပြ ဓားပြတိုက်ခံရပြီး ရွှေတစ်ပိဿာခန့် ပါသွား
Jul 21 • 2:27 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 24 | 0 | 0 | 0 |


