စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ကွင်းလယ်လူ ရိုဒရီသည် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ ၂၀၂၄ ခုနှစ်အတွက် Ballon d'Or ဆုနှင့် ယခု စပိန်အသင်းနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါ ဆုကြီး ၃ မျိုးစလုံးကို ရယူနိုင်သည့် ၁၁ ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယခင်က မက်ဆီ၊ ရော်နယ်လ်ဒင်ဟို၊ ကာကာ၊ ရီဗယ်လ်ဒို၊ ဇီဒန်း၊ ဘက်ကင်ဘောင်ဝါ၊ ဂတ်မူလာ၊ ဘော်ဘီချာလ်တန်၊ ပေါ်လိုရော့ဆီနှင့် ဒမ်ဘီလီတို့သာ ယခုစွမ်းဆောင်မှုမျိုး ရရှိခဲ့ဖူးခြင်းဖြစ်သည်။အသက် ၃၀ အရွယ်ရှိ ရိုဒရီသည် ကလပ်နှင့် လက်ရွေးစင်အသင်းတို့၌ ယူရိုချန်ပီယံ၊ ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ကလပ်ကမ္ဘာ့ဖလား အပါအဝင် အဓိကဖလားကြီးများအားလုံးကို ရရှိထားပြီးဖြစ်သည်။ ထို့ပြင် ၎င်းသည် ယူရို-၂၀၂၄ နှင့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲနှစ်ခုစလုံးတွင် အကောင်းဆုံးကစားသမားဆုများ ဆွတ်ခူးနိုင်ခဲ့သဖြင့် ပြင်သစ်ဂန္ထဝင် ဇီဒန်းပြီးနောက် ယူရိုနှင့် ကမ္ဘာ့ဖလားတို့တွင် အကောင်းဆုံးကစားသမားဆု ရရှိသည့် ဒုတိယမြောက် ကစားသမားအဖြစ်လည်း ထပ်မံမှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်နှင့် Ballon d'Or ဆု ၃ မျိုးစလုံး ဆွတ်ခူးနိုင်သည့် ၁၁ ဦးမြောက် ကစားသမားအဖြစ် ရိုဒရီ ကမ္ဘာ့မှတ်တမ်းဝင်
Jul 21 • 2:26 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 40 | 0 | 0 | 0 |


