ထိုင်းနိုင်ငံသားများကို ဟန်ပြသူဌေးအဖြစ် အငှားထားပြီး နိုင်ငံခြားသားများ ပိုင်ဆိုင်ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းနေရာ၊ ဇူလိုင်လ ၂၀ ရက်က ချင်းမိုင်မြို့ရှိ လုပ်ငန်းနေရာ ၁၈ နေရာကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။ နိုင်ငံခြားစီးပွားရေးလုပ်ငန်းဥပဒေ ချိုးဖောက်သည်ဟု သံသယရှိသော ကုမ္ပဏီ ၃၁ ခုကို ပစ်မှတ်ထားကာ သံသယတရားခံ ၂၂ ဦးအား ဝရမ်းထုတ်ဖမ်းဆီးရာတွင် အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦး၊ စုစုပေါင်း ၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။၎င်းသံသယဖြစ်ဖွယ် ကုမ္ပဏီများ၏ မြေယာအပါအဝင် ပိုင်ဆိုင်မှုစုစုပေါင်းမှာ ဘတ် ၆၃၃ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး၊ စီးနင်းမှုအတွင်း တရားမဝင် ပိုင်ဆိုင်ထားသည့် မြေယာအကွက်ပေါင်း ၂၉ ကွက် (အကျယ်အဝန်း ၂၀ ရိုင်) လည်း ပါဝင်သည်။ စုံစမ်းစစ်ဆေးချက်များအရ ဟန်ပြရှယ်ယာရှင်အဖြစ် အသုံးပြုခံရသည့် ထိုင်းနိုင်ငံသားအချို့မှာ ၎င်းတို့အမည်ဖြင့် ကုမ္ပဏီဖွင့်ထားသည်ကိုပင် မသိရှိကြဘဲ၊ အချို့မှာမူ ကိုယ်ရေးအချက်အလက်များပေးကာ သူဌေးငှားခအဖြစ် ငွေကြေးအနည်းငယ်သာ ရရှိခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ချင်းမိုင်တွင် ထိုင်းသူဌေးဟန်ပြငှားထားသည့် စီးပွားရေးလုပ်ငန်း ၁၈ နေရာကို စီးနင်းရာ မြန်မာ ၃ ဦး အပါအဝင် ၅ ဦး ဖမ်းမိ
Jul 21 • 2:21 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


