back

မန္တလေးတိုင်း၊ ပုဂံရှိ သဗ္ဗညုဘုရားကြီး၌ မြန်မာ-တရုတ် ပူးပေါင်း၍ ရှေးဟောင်းသုတေသနတူးဖော်မှုများ ဆောင်ရွက်နေ

Jul 21 • 2:22 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ ပုဂံရှိ သဗ္ဗညုဘုရားကြီး၌ မြန်မာ-တရုတ် ပူးပေါင်း၍ ရှေးဟောင်းသုတေသနတူးဖော်မှုများ ဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီး၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သဗ္ဗညုဘုရား၏ အနောက်တောင်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ...

မန္တလေးတိုင်းဒေသကြီး၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သဗ္ဗညုဘုရား၏ အနောက်တောင်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shaanxi Academy of Archaeology တို့ ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ တူးဖော်သုတေသနလုပ်ငန်းများ လုပ်ဆောင်နေကြသည်။ ယင်းလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပုဂံငလျင်ကြောင့် ပျက်စီးခဲ့သည့် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) အရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကနဦးအဆင့်အနေဖြင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များကလည်း ဘုရားဝန်းကျင်၌ စမ်းသပ်ကျင်းတူးဖော်မှုများ ပြုလုပ်ခဲ့ရာ ရှေးဟောင်းမဟာရံတံတိုင်းထောင့်ချိုးနှင့် အုတ်တံတိုင်းအလွှာများကို တွေ့ရှိခဲ့ဖူးသည်။ယခုကဲ့သို့ ပူးပေါင်းတူးဖော်ရခြင်းမှာ သဗ္ဗညုဘုရားကြီး၏ ရင်ပြင်တံတိုင်း၊ မဟာရံတံတိုင်းများနှင့် မြောက်ဘက်မုခ်တံခါးအပြင် အခြားသော တံခါးမုခ်များ ရှိ၊ မရှိ ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင် ပုဂံခေတ် ဗိသုကာအတတ်ပညာနှင့် ရှေးခေတ်အဆောက်အအုံ အစိတ်အပိုင်းများကို လေ့လာဖော်ထုတ်ကာ ဘုရားကြီးရေရှည် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

30