back

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘားမီးလောင်မှုတွင် သေဆုံးသူများအတွက် တစ်ဦးလျှင် ဘတ် ၃ သိန်းစီ ထိုင်းအစိုးရက နစ်နာကြေးပေးအပ်

Jul 21 • 2:20 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘားမီးလောင်မှုတွင် သေဆုံးသူများအတွက် တစ်ဦးလျှင် ဘတ် ၃ သိန်းစီ ထိုင်းအစိုးရက နစ်နာကြေးပေးအပ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Lat Phrao ရှိ ဘားတစ်ခု မီးလောင်မှုတွင် သေဆုံးခဲ့ရသည့် ပြည်သူ ၃၁ ဦး၏ မိသားစုဝင်များအတွက် လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် တစ်ဦး...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Lat Phrao ရှိ ဘားတစ်ခု မီးလောင်မှုတွင် သေဆုံးခဲ့ရသည့် ပြည်သူ ၃၁ ဦး၏ မိသားစုဝင်များအတွက် လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် တစ်ဦးလျှင် ထိုင်းဘတ် ၃ သိန်းစီ (စုစုပေါင်း ဘတ် ၉ ဒသမ ၃ သန်း) ကို ထိုင်းအစိုးရက ဇူလိုင်လ ၂၀ ရက်တွင် နစ်နာကြေး ပေးအပ်ခဲ့သည်။အဆိုပါ ထောက်ပံ့မှုပေးအပ်ပွဲသို့ တက်ရောက်လာသည့် မိသားစုဝင် ၁၄ ဦးကို လက်ရောက်ပေးအပ်ခဲ့ပြီး မတက်ရောက်နိုင်သူများ၏ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်လွှဲပြောင်းပေးသွားမည်ဖြစ်သည်။

ပြည်သူများ၏ အခွန်ငွေကို ရာဇဝတ်မှုခင်းဆိုင်ရာ နစ်နာကြေးများတွင် အသုံးပြုနေခြင်းအပေါ် ဝေဖန်မှုများရှိသော်လည်း နာရေးစရိတ်ပင် အခက်အခဲဖြစ်နေသည့် မိသားစုများ၏ ကနဦးသောကကို သက်သာစေရန်နှင့် လူ့အခွင့်အရေးအရ ကူညီရန် အစိုးရတွင် တာဝန်ရှိကြောင်း တာဝန်ရှိသူများက ရှင်းလင်းခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် ပြည်သူ့ဘဏ္ဍာတစ်ခုတည်းအပေါ် အမှီပြုနေရသည့် ကူညီပံ့ပိုးမှုစနစ်ကို ပိုမိုထိရောက်စေရန်အတွက် တရားမျှတမှုစနစ်အတွင်း ရန်ပုံငွေအဖွဲ့တစ်ခု တည်ထောင်ရန် စဉ်းစားဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

21