back

မက်ဆီ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရ

Jul 21 • 2:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

မက်ဆီ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရ

နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းအဖွဲ့ (IFFHS) က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို ရွေးချယ်ခဲ့ကြော...

နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းအဖွဲ့ (IFFHS) က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က စပိန်အသင်းကို ချန်ပီယံဖြစ်အောင် ကွင်းလယ်မှ အတည်ငြိမ်ဆုံး မောင်းနှင်ပေးခဲ့သည့် ရိုဒရီကို အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့သော်လည်း IFFHS ကမူ သွင်းဂိုးနှင့် ဖန်တီးမှုမရှိသည့် ရိုဒရီထက် ၈ ဂိုးသွင်း၊ ၄ ကြိမ်ဖန်တီးကာ အသင်းအပေါ် သက်ရောက်မှု မြင့်မားခဲ့သည့် မက်ဆီကို တစ်ပွဲချင်း ပျမ်းမျှစွမ်းဆောင်ရည်နှုန်းထားများအရ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ထို့ပြင် IFFHS ၏ ၂၀၂၆ ကမ္ဘာ့ဖလား အကောင်းဆုံးအသင်းတွင် ချန်ပီယံစပိန်အသင်းမှ အူနိုင်းဆိုင်မွန်၊ ကူကူရယ်လာ၊ လာပေါ့တ်၊ ကူဘာဆီ၊ ပေါ်ရိုနှင့် ယမားလ် စသည့် ကစားသမား ၆ ဦးအထိ ပါဝင်ခဲ့ပြီး အကောင်းဆုံးနည်းပြအဖြစ်လည်း စပိန်နည်းပြ ဒယ်လာဖွန်တေ ရွေးချယ်ခံခဲ့ရသည်။ အဆိုပါအသင်း၏ အခြားနေရာများတွင် ပြင်သစ်မှ အိုလီဆေး၊ ဒမ်ဘီလီ၊ အမ်ဘာပေနှင့် အင်္ဂလန်မှ ဘယ်လင်ဂမ်တို့ ပါဝင်ကာ ရှေ့တန်းတွင် မက်ဆီနှင့်အတူ တွဲဖက်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

news-view-count-icon

32