တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဟိန်ကျိုးမြို့၊ ယွင်ပြောင်မြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်း မေဆတ် (Maysak) ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကြီးခြင်း၊ လမ်းပြိုခြင်းနှင့် ရွှံ့နွံ့ပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့ရာ အကြီးစားကယ်ဆယ်ရေးယာဉ်များ ဝေးလံသောကျေးရွာများသို့ သွားလာနိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။ ထိုအခြေအနေတွင် ဒေသခံဆိုင်ကယ်စီးဝါသနာရှင် လုကျန့်၏ နှိုးဆော်မှုကြောင့် ဒေသတွင်း ဆိုင်ကယ်စီးနင်းသူများက ၎င်းတို့၏အလုပ်များကို ခေတ္တဘေးဖယ်ကာ ပရဟိတစေတနာ့ဝန်ထမ်းအဖွဲ့ကို လျင်မြန်စွာ ဖွဲ့စည်းခဲ့ကြသည်။၎င်းတို့သည် ဆိုင်ကယ်များဖြင့် သောက်သုံးရေ၊ ရိက္ခာ၊ ဆေးဝါးနှင့် ခြုံစောင်စသည့် ကယ်ဆယ်ရေးပစ္စည်းများကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာများအရောက် တိုက်ရိုက်ပို့ဆောင်ပေးခဲ့ကြပြီး၊ ပိတ်မိနေသည့် ရွာသူရွာသားများကိုလည်း ဘေးကင်းရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြသည်။ ရေဘေးအလွန် ရွှံ့နွံ့ထူထပ်ပြီး လမ်းချောသဖြင့် ချော်လဲခြင်းနှင့် ဆိုင်ကယ်နစ်ခြင်းများ ရှိသော်လည်း အချင်းချင်းဖေးမကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်ခဲ့ကြပြီး၊ အခြားဒေသမှ ဆိုင်ကယ်စီးနင်းသူများလည်း လာရောက်ပူးပေါင်းခဲ့ကြသည်။ လက်ရှိတွင် အဆိုပါဆိုင်ကယ်ဝါသနာရှင်များသည် ယွင်ပြောင်မြို့နယ်၏ သဘာဝဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှ ဆက်လက်ကူညီပေးလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သည့် ဟိန်ကျိုးမြို့သို့ ဆိုင်ကယ်စီးနင်းသူများက ပရဟိတအဖွဲ့ဖွဲ့ကာ သွားရောက်ကူညီ
Jul 21 • 2:07 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


