back

ပြည်ပသို့ ထွက်ခွာသူများတွင် အထက်တန်းနှင့် တက္ကသိုလ်အဆင့် ပညာတတ် ရွှေ့ပြောင်းလုပ်သားများ ပိုမိုများပြားလာ

Jul 21 • 1:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပသို့ ထွက်ခွာသူများတွင် အထက်တန်းနှင့် တက္ကသိုလ်အဆင့် ပညာတတ် ရွှေ့ပြောင်းလုပ်သားများ ပိုမိုများပြားလာ

၂၀၁၉ နှင့် ၂၀၂၄ သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာသူများတွင် မူလတန်းနှင့် အလယ်တန်းအဆင့် လျော့နည်းသွားပြီး အထက်တန်းနှင့် တက္ကသိုလ်...

၂၀၁၉ နှင့် ၂၀၂၄ သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာသူများတွင် မူလတန်းနှင့် အလယ်တန်းအဆင့် လျော့နည်းသွားပြီး အထက်တန်းနှင့် တက္ကသိုလ်/ဘွဲ့ရအဆင့် ပညာတတ်လူငယ်များ ထွက်ခွာမှု အချိုးအစား ပိုမိုမြင့်မားလာကြောင်း တွေ့ရှိရသည်။အထက်တန်းအဆင့် ထွက်ခွာသူမှာ ၁၅ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ တက္ကသိုလ်/ကောလိပ်အဆင့်မှာ ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဘွဲ့ရအမျိုးသမီး ထွက်ခွာသူမှာ ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး တိုးတက်လာခဲ့တာ ဖြစ်သည်။ ယင်းသို့ အခြေခံလုပ်သားများထက် ကျွမ်းကျင်လုပ်သားနှင့် ပညာတတ်များ ပိုမိုထွက်ခွာလာခြင်းသည် ပြည်တွင်း၌ ဦးနှောက်ယိုစီးမှု (Brain Drain) စိန်ခေါ်မှုကို ပိုမိုကြီးမားလာစေကြောင်း သိရသည်။

news-view-count-icon

49