မြန်မာနိုင်ငံမှ တင်ပို့သည့် ငရုတ်သီးမှုန့်၊ ငရုတ်သီးပွနှင့် ငရုတ်သီးခြောက်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုနှုန်းကို ဂျပန်နိုင်ငံက ဆက်လက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဂျပန်နိုင်ငံ၏ အစားအသောက်ဘေးကင်းလုံခြုံရေး ညွှန်ကြားချက်များနှင့်အညီ ငရုတ်သီးမှို (Aflatoxin) B1, B2 နှင့် G1, G2 စုစုပေါင်း ပါဝင်မှုကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ပတင်ပို့သူများအနေဖြင့် ဂျပန်နိုင်ငံ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် အထူးဂရုပြုဆောင်ရွက်ကြရန် အဆိုပါအသင်းက အသိပေးထားသည်။
မြန်မာ့ငရုတ်သီးထုတ်ကုန်များ ဂျပန်သို့တင်ပို့ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုနှုန်းကို ထပ်မံစစ်ဆေးမည်ဖြစ်
Jul 21 • 1:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


