back

ပြည်တွင်း၌ လမ်းခရီးကြန့်ကြာမှုကြောင့် နာနတ်သီးများ ပုပ်သိုးပျက်စီးပြီး ဈေးကောင်းမရဘဲ ကုန်သည်များ အရှုံးပေါ်နေ

Jul 21 • 1:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ လမ်းခရီးကြန့်ကြာမှုကြောင့် နာနတ်သီးများ ပုပ်သိုးပျက်စီးပြီး ဈေးကောင်းမရဘဲ ကုန်သည်များ အရှုံးပေါ်နေ

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှ မန္တလေးဈေးကွက်သို့ နာနတ်သီးများ တင်ပို့ရာတွင် နယ်မြေဒေသအခြေအနေများနှင့် သယ်ယူပို့ဆောင်ရေး...

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှ မန္တလေးဈေးကွက်သို့ နာနတ်သီးများ တင်ပို့ရာတွင် နယ်မြေဒေသအခြေအနေများနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် လမ်းခရီးကြန့်ကြာကာ သစ်သီးများ ပုပ်သိုးပျက်စီးမှုနှင့် ရင်ဆိုင်နေရကြောင်း သီးနှံပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။ လမ်းခရီးတွင် ၃ ရက်မှ ၇ ရက်ခန့်အထိ ကြန့်ကြာမှုများရှိနေသည့်အပြင် ကုန်ပစ္စည်းများကို စုပြုံကြပ်ညပ်စွာ ထုပ်ပိုးသယ်ဆောင်ရသဖြင့် ပေါ်ဦးပေါ်ဖျား နာနတ်သီးများမှာ ဈေးကွက်သို့ရောက်ရှိချိန်တွင် ပျက်စီးဆုံးရှုံးမှု များပြားကာ အရင်းပါရှုံးမည့်အခြေအနေနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ယခင်နှစ် အလားတူကာလတွင် နာနတ်သီးတစ်လုံးလျှင် ပျမ်းမျှ ငွေကျပ် ၅,၀၀၀ ဝန်းကျင် ဈေးကောင်းရလေ့ရှိသော်လည်း လက်ရှိတွင် အရည်အသွေးအလိုက် ၁,၅၀၀ ကျပ်မှ ၂,၁၀၀ ကျပ်ဝန်းကျင်သာ ရရှိတော့သည်။ လမ်းခရီးတွင် ပုပ်သိုးပျက်စီးသွားသည့် သစ်သီးများကိုမူ တစ်လုံးလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်ဝန်းကျင်ဖြင့်သာ လျှော့ဈေးဖြင့် ရောင်းချနေရသဖြင့် အရှုံးမပေါ်စေရန် ရုန်းကန်နေရကြောင်း ကုန်သည်များနှင့် ပွဲရုံလုပ်ငန်းရှင်များက ဆိုသည်။

news-view-count-icon

36