ဂျပန်အစိုးရ၏ လုံခြုံရေးအကူအညီ မူဘောင် (OSA) အရ ကမ္ဘောဒီးယား စစ်တပ်သို့ ယန်းသန်း ၅၀၀ တန်ဖိုးရှိ ကာကွယ်ရေး ပစ္စည်းကိရိယာများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထောက်ပံ့မှုတွင် ကမ္ဘောဒီးယား ကြည်းတပ်အတွက် ဆက်သွယ်ရေးပစ္စည်းများနှင့် ရေတပ်အတွက် ကင်းလှည့်ရေယာဉ်များ ပါဝင်ပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်ကို ဖနောင်ပင်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ ယခုထောက်ပံ့မှုသည် ကမ္ဘောဒီးယား၏ လုံခြုံရေးစွမ်းရည်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ၊ ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သည့် အဆိုပါ အကူအညီအစီအစဉ်တွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။
Jul 20 • 12:14 PM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


