၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပွဲပေါင်း ၁၀၄ ပွဲအတွင်း ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် စုစုပေါင်း ပရိသတ် ၆.၈ သန်းအထိ ရှိခဲ့သဖြင့် ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် စုစုပေါင်း ပရိသတ်ကြည့်ရှုမှု အများဆုံး စံချိန်သစ် စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။ ယခင် စံချိန်တင်ထားသည့် ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားတွင် ပရိသတ် ၃.၆ သန်း (တစ်ပွဲလျှင် ပျမ်းမျှ ၆၈,၉၉၁ ဦး) ကြည့်ရှုခဲ့ပြီး တစ်ပွဲပျမ်းမျှ ပရိသတ်အများဆုံး စံချိန်အဖြစ် ဆက်လက် တည်ရှိနေသော်လည်း၊ ယခု ၂၀၂၆ ပြိုင်ပွဲသည် တစ်ပွဲလျှင် ပျမ်းမျှ ပရိသတ် ၆၅,၄၉၀ ဦးဖြင့် ဒုတိယ အများဆုံး မှတ်တမ်းဝင်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ပရိသတ် အများဆုံး လာရောက်ကြည့်ရှုခဲ့သည့် ပွဲစဉ်များမှာ မက္ကဆီကိုနိုင်ငံရှိ အက်ဇ်တေကာကွင်း၌ ကျင်းပခဲ့သော ပွဲစဉ် ၅ ပွဲဖြစ်ပြီး တစ်ပွဲလျှင် ကွင်းလုံးပြည့် ပရိသတ် ၈၀,၈၂၄ ဦးစီ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် ပရိသတ် (၆.၈) သန်းရှိခဲ့ပြီး သမိုင်းတစ်လျှောက် စံချိန်သစ်တင်
Jul 20 • 12:13 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


