back

ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့အချို့၌ ဓာတ်ဆီပြတ်တောက်နေပြီး ပြင်ပပေါက်ဈေး ၃ ဆခန့်အထိ မြင့်တက်

Jul 20 • 10:30 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့အချို့၌ ဓာတ်ဆီပြတ်တောက်နေပြီး ပြင်ပပေါက်ဈေး ၃ ဆခန့်အထိ မြင့်တက်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့များရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ ရောင်းချရန် မရှိတော့ဘဲ ဒီဇယ်ကိုသာ ရောင်းချပေးန...

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့များရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ ရောင်းချရန် မရှိတော့ဘဲ ဒီဇယ်ကိုသာ ရောင်းချပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် ပြင်ပပေါက်ဈေးများ ၃ ဆခန့်အထိ မြင့်တက်နေကြောင်း သိရသည်။ လာအိုသို့ သယ်ဆောင်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ထိုင်းမှ မြန်မာဘက်သို့ သယ်ဆောင်သည့် ဆီမှောင်ခိုစက်လှေများ ဖမ်းဆီးခံရပြီးနောက် ဆီတင်သွင်းမှု လျော့ကျသွားရာမှ ဓာတ်ဆီ ပြတ်တောက်သွားခြင်းဖြစ်ပြီး တာချီလိတ်တွင် စက်သုံးဆီဆိုင် ပန့်ဈေးမှာ တစ်လီတာ ၃၇ ဘတ် ဖြစ်သော်လည်း ပြင်ပပေါက်ဈေးမှာ ဘတ် ၁၀၀ မှ ၁၂၀ အထိ ရှိနေသည်။ အလားတူ ကျိုင်းတုံတွင် ဓာတ်ဆီ တစ်လီတာ ကျပ် ၇,၀၀၀၊ မိုင်းဆတ်နှင့် မိုင်းတုံတို့တွင် ကျပ် ၆,၀၀၀ အထိ ဈေးမြင့်တက်နေကာ တစ်ကြိမ်လျှင် တစ်လီတာသာ ဝယ်ယူခွင့်ရရှိပြီး ဓာတ်ဆီသုံး ကားအများစု ရပ်နားထားရကြောင်း သိရသည်။

news-view-count-icon

25